Blogger Widgets

မိမိ Computer ရဲ့ RAM ပျက်နေကြောင်းဘယ်လိုသိနိုင်လဲ. ?????

ကွန်ပျူတာတစ်လုံးမှာ RAM ဟာမရှိမဖြစ်လိုအပ်ပါတယ်…RAM ဟာ CPU နှင့် Hard disk ကြားမှာ တံတား သဖွယ်ပေါင်းကူးဆောင်ရွက်ပေးပါတယ်..RAM ဟာ Volatile memory အမျိုးအစားဖြစ် တယ် ..ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data တွေကိုယာယီမျှသာထိမ်းသိမ်းထားတာဖြစ်ပြီး..power off သွား ရင်တော့ သူ့ မှာ ထိမ်းသိမ်းနိုင်စွမ်းမရှိပါဘူး..ဟုတ်ပြီ..ဒါဆို ဒီလိုအရေးပါတဲ့ RAM တစ်ခု ကွန်ပျူတာမှာ RAM မကောင်း တော့ဘူးဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ ဆိုတာလေ့လာကြည့်ရအောင်..

RAM ဘာကြောင့်ပျက်ရသလဲ..

အောက်ပါအကြောင့်အရင်းများကြောင့် RAM များပျက်စီးနိုင်သည်…

1.Electro static Discharge (ESD)
2.Default industry
3.Enviroment
4.Low quality

1.Electro Static Discharge (ESD)

လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီး မှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေ လိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ RAM အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် RAM ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေဆိုရင်သိပါလိမ့် မယ်.. မတွေ့ ဖူးမမြင်ဖူးရင်တောင်အထက်ကပုံမှာလေ့လာနိုင်တယ် RAM မှာ IC chip အသေးလေးတွေပါတယ်..RAM တစ်ခုနဲ့  တစ်ခု chip တွေရဲ့  အရွယ်အစား ကတူ ချင်မှ တူလိမ့် မယ် ..အဲဒီ chip အပြားလေးတွေကို လက်နဲ့ မထိမကိုင်မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ.. သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေ ဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က RAM ရဲ့ chip ပြားလေးတွေကို သွားထိမိရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် RAM ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..RAM ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..

2.Default industry

RAM stick လေးတွေကို ဈေးကွက်ထဲကို အရည်သွေးစစ်ပြီးရောင်းချလိုက်တယ်ဆိုပေမဲ့အကြောင်းအမျိုးမျိုး RAM ၀ယ်လာပြီးတော့ အဆင်မပြေမှုတွေ ၀ယ်ထား တာမကြာသေးပဲ စက်က hang ပြီး restart ကျသွားတာမျိုးတွေလည်းကြုံဖူးကြမှာ ပါ…စက်ရုံကထုတ်လိုက်ကတည်းက ထောင်သောင်းမက ထုတ်လိုက်တာဆို တော့ အနည်းနဲ့  အများချွတ်ယွင်း မှုလေးတွေတော့ရှိမှာပါ..ဒါကြောင့်တစ်ခါတရံ RAM ချောင်းအသစ်ကို ပဲသုံးလို့  မရဖြစ်တတ်ပါတယ်..RAM ချို့  ယွင်းမှုဖြစ်လို့  Default industry ကဖြစ်တယ်လို့  မှတ်ယူနိုင်ပါတယ်..အကယ်၍ မိမိက ကွန်ပျူတာအသစ်တစ်လုံးဆင် လို့ ပဲဖြစ်ဖြစ် RAM အသစ်တစ်ချောင်းဝယ်စိုက်လို့ ပဲဖြစ်ဖြစ် ဒီလိုဖြစ်လာခဲ့ရင် မိမိဝယ်ခဲ့တဲ့ ဆိုင်က အာမခံသက် တမ်း (warranty)ပေး တာဖြစ်တဲ့ အတွက်ဆိုင်မှာ လှဲလှယ်နိုင်ပါတယ်..

3.enviroment

Enviroment ကြောင့်ပျက်စီးတယ်ဆိုတာကတော့ RAM failure ဖြစ်ဖို့ အခြေအနေအားလုံးအကျုံးဝင်ပါတယ်..RAM ကို အပူနဲ့ နီးစပ်တဲ့ နေရာမှာထားရှိခြင်း ရေခိုးရေငွေ့ နဲ့ နီးစပ်တဲ့နေရာနဲ့ ထိတွေ့ မှုရှိခြင်း ..သဘာဝအလျောက် ထိမိခိုက်မိပျက်စီးခြင်းများ ဖြစ်နိုင်ပါတယ်..ဒါကြောင့် RAM ပျက်စီးမှုထဲမှာ environment လဲတစ်ခုအဖြစ်ပါဝင်တာဖြစ်ပါတယ်

4.low quality

RAM တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိကြတယ်..အမျိုးစားချင်းတူပေမဲ့ ဈေးနည်းတာနဲ့ ဈေးများတာ ကွာပါတယ် ဘာကြောင့်အဲလိုကွာတာလဲ.. Architecture တွေ…ထုတ်လုတ်တဲ့ ပစ္စည်း အသုံးပြုထားတဲ့  ပစ္စည်းတွေ ကွာလို့ ဈေးနှုန်း တွေကွာခြားသွားခြင်းဖြစ်တယ် ဒီနေရာမှာ ဘယ်ဟာပိုကောင်းတယ် ဘယ်ဟာပိုသာတယ်ဆိုတာမပြောတော့ ဘူးနော် သူ့ အမျိုးစားနဲ့ သူတော့ အဆင်ပြေကြမှာပါ.. မြန်မာပြည်မှာတော့ kinston တံဆိပ်ကိုအသုံးများတယ်.... ဈေးနှုန်းသင့်ပြီးသုံးစွဲရတာ standard မှီတဲ့ အတွက် အဆင်ပြေပါတယ်..

RAM ပျက်ရင် ဘာ error တွေပြမှာလဲ

RAM ပျက်ရင် monitor screen မှာ motherboard မှ error beep sound ထုတ်ပေးပါတယ်..နောက် BSOD လို့ ခေါ်တဲ့  blue screen အပြာတက် လာပြီး တော့ RAM failure ဖြစ်ကြောင်းပြတဲ့  error message ပြတယ်..technical information code နံပါတ်တွေနဲ့ လည်းဖော်ပြပါတယ်..RAM ချောင်းတွေဟာ လုံးဝမကောင်းတော့တာတွေရှိသလို သုံးပြီးတစ်နာရီ နှစ် နာရီလောက်နေပြီးမှ စက်က ထိုးရပ်သွားခြင်း (သို့ )စက်က restart ကျသွားခြင်း ဖြစ်တတ်ပါတယ်..virus ကြောင့်မဟုတ်ပဲ စက်ကို ခနလောက်ပဲသုံးရသေးတယ် စက်ကလေးလံပြီး စက်ဟန်းသွားတာမျိုးလည်းဖြစ်တတ်ပါတယ်..RAM ကြောင့်ဖြစ်တယ်လို့ သံသယရှိရင် အခြား ကောင်းတဲ့  RAM နဲ့ ပြောင်းလဲတပ်ဆင်စမ်းသပ်ကြည့်ပါ..အခြား RAM နဲ့ ပြောင်းလဲတပ်ဆင်ကြည့်လိုက်လို့ စက်က အကောင်းပကတိ အတိုင်းအလုပ်လုပ် နေတယ်ဆိုရင် မိမိ RAM မကောင်းတော့ပါ ပိုပြီးသေချာစေရန် စောနကမကောင်းတော့ဘူးလို့ သတ်မှတ်ထားတဲ့ မိမိ RAM ကိုပဲအခြားစက်တစ်လုံးမှာတပ်ဆင် ကြည့်ပါ..အခြားစက်တစ်လုံးမှာလဲ ပထမစက်မှာဖြစ်သကဲ့ သို့ ပုံစံတူ error ပြနေလျင် RAM ပျက်ပြီဟုတ်မှတ်ယူနိုင်သည်..

RAM ကိုဘယ်လိုစစ်မလဲ

အလွယ်ဆုံးကတော့ RAM ကိုဖြုတ်ပြီးတခြားဟာနဲ့ အစားထိုးစမ်းသပ်ခြင်းဖြစ်ပါတယ် သို့ သော်လည်းအပိုရှိဦးမှကိုး..Physically အရ RAM ကို slot မှာသေသေချာချာ ထိထိမိမိစိုက်ထားရဲ့ လားဆိုတာ ပြန်စစ်ပေးရပါတယ်..တစ်ခါတရံ slot အံမကျလို့ sound beep error ထုတ်ပေးတာမျိုးလဲ ဖြစ်နိုင်တယ်.. အံကျအောင်ပြန်စိုက်ပေးလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ် မိမိက သေချာစိုက်ထားသော်လည်း RAM အောက်ခြေမှာ ဖုံတွေ၊ ချည်းတွေ ကပ်နေတဲ့အတွက် အဆင်မပြေဖြစ်တတ်ပါတယ် အဲဒီအခါကျရင် RAM ချောင်းရဲ့ အောက်ခြေမှာရှိတဲ့ေ၇ွရောင်လိုင်းလေးတွေကို တစ်ရှူးအနုလေးဖြင့် သန့် ရှင်းပေးခြင်းအား ဖြင့်လည်းအဆင်ပြေသွားနိင်ပါတယ်...


Ref> ကိုစံငြိမ်း.


READMORE
 

LinuX ကိုလေ့လာကြည့်ခြင်း.......(ဆရာဇော်လင်း)




Download Here>>>>Download
READMORE
 

မုန်တိုင်း(Wyatt's Hurricane)

နည်းပညာ Post တော့ မဟုတ်ပါဘူး.......
ဒါပေမယ့်.စာအုပ်ကောင်းတွေကြိုက်နှစ်သက်သူတွေအတွက်.အရမ်းကောင်းတဲ့ စာအုပ်ပါလို့...အာမခံပါတယ်....
လေသူရဲ တစ်ဦးရဲ့ ဘ၀.......မိုးလေ၀သတွေရဲ့ အကြောင်းကို.ဇာတ်လမ်းဆင်ပြီးရေးထားတဲ့ အတွက်..အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်.......
ရာသီဥတုတွေရဲ့ အခြေအနေကိုလည်း တွက်ဆပြထားတဲ့ အတွက်..အရမ်းကို ဗဟုသုတရစေပါတယ်..
ဒေါင်းရကျိုးနပ်စေမယ့် စာအုပ်ဖြစ်ပါလိ့မ်မယ်....

Ref:MMCybermedia



Download From Minus>>>Download
READMORE
 

Voice Command နဲ့ ဖုန်းခေါ်မယ့် Voice Speed Dial(Android Application)

ပုံဆွဲပြီး ဖုန်းခေါ်တာပြီးတော့.......အသံနဲ့ အမိန့်ပေးပြီး..ဖုန်းခေါ်တာ..တင်ပေးလိုက်ပါတယ်...
ထူးထူးဆန်းဆန်း application များကိုကြိုက်နှစ်သက်သူတွေ အတွက်..application ကောင်းတစ်ခုပါ..
အသုံးပြုနည်းကလည်း ရိုးရှင်းလွယ်ကူတဲ့ အတွက်...မပြောပြတော့ပါဘူး...  :)
နည်းနည်းကလိလိုက်တာနဲ့....သုံးတတ်ပါလိ့မ်မယ်....
အဆင်ပြေစွာ...ကလိနိုင်ကြပါစေ....  :)


Ref:Ko Pauk









READMORE
 

Team Viewer for Android(10.4MB)

Team Viewer ကတော့.တော်တော်များများသိကြမှာပါ....
Computer တွေ အတွက်ပြီးတော့......
Android အတွက်..တင်ပေးလိုက်ပါတယ်...
အသုံးပြုလိုသူများ Download လုပ်နိုင်ပါ၏.....  :)

Ref>>Ko Pauk






READMORE
 

ဆာမူရိုင်း..ဓါးခုတ်Game (Samurai 2 Vengeance For Android 40MB)

ဒီ Game ကို..  PC တွေ အတွက်တင်ပေးဖူးပါတယ်.......
အခုကတော့ Android အတွက်ပါ........
PC မှာ ဆော့ဖူးတဲ့သူတွေသိမှာပါ......ခုတ်ချက်က 9 လောက်ရှိတယ်..
နှစ်ပိုင်းတွေ ဘာတွေ ပြတ်ထွက်သွားတာ......  :P
Android Version 2.2 နဲ့ အထက်မှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်.။........
လိုချင်သူများ Download လုပ်ကြပါခင်ဗျာ.....



 Download From Mediafire>>>> Download

Download From Zippyshare>>>>Download

READMORE
 

ခုတ်ချင်..ထစ်ချင်သူများအတွက်။. Genesis v1.2.0 (Android Game)+obb data

အရမ်းမိုက်တဲ့ Game တစ်ခုပါ.......
ခေါင်းဆောင်တစ်ယောက်နဲ့..စစ်သားတွေက..နယ်တွေကိုလိုက်သိမ်းရတဲ့ Command Game တစ်ခုပေါ့..
Bluetooth နဲ့ချိတ်ပြီးတော့ Multiplayer ဆော့လို့လည်းရပါတယ်...
ဆော့ချင်ရင်တော့ ယူသွားလိုက်ပါဗျာ.  :P
Special Features:
* Highly detailed graphics
* HD quality resolution
* Single-player – storyline
* Multi-player support 3vs3 via 3G, LTE or Wi-Fi
* Three playable races: Human, Demon, Noah
* Intuitive touch-panel controls specifically tailored to sDownloadmartphones
* Countless hours of gameplay
How to install Genesis:
1) Install the apk
2) Put the data folder to sdcard/Adroid/obb/...
3) Launch and PLay Genesis!










Download From Mediafire>>>>> Download

Download From LastBox>>>>>Download




READMORE
 

ပုံဆွဲလိုက်ရုံနဲ့ ဖုန်းခေါ်ပေးမယ့် Sign v2.1.0(Android Application)

လူတစ်ယောက်ယောက်ကိုဖုန်းခေါ်ချင်တဲ့ အခါ..Contacts ကိုသွား..နာမည်ရွေး..
ခေါ်....အလုပ်ရှုပ်တယ်နော်...........  :P
အဲ့ဒီ့အတွက်.. ဒီ Application က ကူညီပေးပါလိ့မ်မယ်....
ကိုယ်မှတ်ထားတဲ့ Contact  ရဲ့ ပုံကို ဆွဲပေးလိုက်ရုံနဲ့.......Auto Calling လုပ်ပေးပါလိ့မ်မယ်....
File Size ကလည်း သေးသေးလေးမို့......ဆောင်ထားသင့်တယ်လို့ထင်ပါတယ်...




Download Here>>>>Download

Download Here>>>>Download

READMORE
 
Software များဒေါင်းမရခဲ့ရင်....Facebook Comment သို့မဟုတ်.....C-box မှတဆင့် အကြောင်းကြားနိုင်ပါသည်

Facebook ကနေလည်းတစ်ခုခုပြောနိုင်ပါတယ်