Blogger Widgets

အင်တာနက် ဗဟုသုတ




အီးမေလ်း စတင်ပေါ်ပေါက်လာပုံ

ARPANETတွင်အသုံးပြုနိုင်မည့်ပထမဆုံးအီးမေလ်းစနစ်ကိုစတင်ကြံဆသူမှာ BBN မှ Ray /Tomlinson ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည် ဟုသိရသည်...။။ username နှင့် address ကြားတွင်အသုံးပြုသည့် @ ကိုလည်းသူကပင်ရွေးချယ်သတ်မှတ်ပေးခဲ့ပါသည်....။။

အင်တာနက်ကိုစတင်အသုံးပြုခဲ့သူ ဘယ်သူလဲ

မှတ်တမ်းများအရ ကာလီဖိုးနီးယား university မှသူတေသနပညာရှင် Charley Kline သည်မျက်မှောက်ခေတ်အင်တာနက်၏ ကနဦးမိုဒယ်ဖြစ်သောARPANET ကို ၁၉၆၉ နှစ်အောက်တိုဘာလ ၂၉ရက်နေ့ တွင်ပထမဆုံးစတင်အသုံးပြုခဲ့သည်ဟုသိရသည်...။။
Kline သည် Standford Research Institute သို့ ဆက်သွယ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊သူ၏ဆက်သွယ်မှုမှာ မအောင်မြင်ခဲ့ပေ..။။

ပရိုတိုကောများ

အဝေးတစ်နေရာမှ ကွန်ပျူတာတစ်လုံးသို့ လှမ်းပြီး log on ၀င်ရောက်နိုင်သည့်ပထမဆုံး ပရိုတိုကောမှာRequest for comment (RFC) ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်ပေါ်ထွက်ခဲ့သည်..။RFC သည်ကွန်ရက်အတွင်းတွင်ကွန်ပျူတာများအချင်းချင်းသူတေသနရလဒ်များကို ဖလှယ်ရန်အတွက်ဖြစ်သည်။ဖိုင်အမျိုးမျိုးဖလှယ်နိုင်သော ftp protocol မှာလည်း RFC တစ်ခုအဖြစ်၁၉၇၃ခုနှစ်တွင်ပေါ်ပေါက်ခဲ့သည်။
ဟားဘတ်ကျောင်းသားတစ်ဦး၏ဘွဲ့ ယူစာတမ်းမှတစ်ဆင့်ပေါ်ထွက်ခဲ့သောEthernet protocolကိုမူ local networkများတွင်တွင်ကျယ်စွာအသုံးပြုကြသည်။ထို့ နောက်.. TCP/Iခေါ်ပရိုတိုကောများပေါ်ပေါက်လာသောအခါအင်တာနက်မှာ လူအများကျယ်ပြန့်စွာအသုံးပြုနိုင်သောအဆင့်သို့ တိုးတက်လာသည်။TCP/IP ကို၁၉၈၃တွင် ကမ်ဘာသုံးအဖြစ်သတ်မှတ်ခဲ့ကြသည်...။။

(ISP) ဆိုတာ ဘာလဲ

Internet Service Provider ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်...။။ISP တွေဟာသင့်ရဲ့ ကွန်ပျူတာနဲ့  အင်တာနက်ရဲ့  ကြားမှာ Gateway အဖြစ်နဲ့  ဆောင်ရွက်ပေးပါတယ်..။။ISP တွေဟာ.. dail-up broadband စတဲ့ အကောင့်အမျိုးအစားအမျိုးမျိုးကို ရေါးချယ်ခွင့်ပေးပါတယ်..။။ဝန်ဆောင်စရိတ်ကို နှစ်စဉ်ကြေး(စိတ်ကြိုက်သုံး)ပုံစံနဲ့ ဖြစ်စေ၊နာရီနဲ့ ဖြစ်စေ..download ပမာဏပေါ်မူတည်ပြီးဖြစ်စေပေးချေရပါတယ်..။။

Bandwidth နဲ့  Broadband တို့ ရဲ့  Defination

Bandwidth ဆိုတာအင်တာနက် connection ရဲ့  အမြန်နှုန်းကိုတိုင်းတာတဲ့ ယူနစ်စနစ်တစ်ခုဖြစ်ပါတယ်..။။သမားရိုးကျ dail-up modem တွေဟာ.. ယနေ့ စံချိန်နဲ့ ကြည့်ရင် Bandwidth ထက်ကျဉ်းတဲ့အတွက်webpage တွေကို ဖွင့်ရာမှာ email ပို့ ရာမှာ download ဆွဲရာမှကြာမြင့်တတ်ပါတယ်..။။ ADSL, cable နဲ့  satellite တို့ ရဲ့  Bandwidth ကပိုမြင့်တဲ့အတွက် connectin ပိုမိုမြန်ဆန်ပါတယ်..။။
သူတို့ ကိုခြုံငုံပြိး broadband လို့ ခေါ်ခြင်းဖြစ်ပါတယ်။ယေဘုယျအားဖြင့် Bandwidth အင်တာနက်အသုံးပြုရတာ(အထူးသဖြင့် ဗီဒီယို downlaod တွေ video call တွေမှာ)ပိုမိုအဆင်ပြေချော့မွေ့ လာနိုင်ပါတယ်..။။dail-up modem တွေရဲ့  speed ဟာ 56 Kbps ကနေ 1.5 Mbps အထိရှိနိုင်ပါတယ်...။။တိတိကျကျပြောရရင်တော့ connection မြန်တိုင်းပိုပြီးမြန်မြန်ဆန်ဆန် download လုပ်နိုင်မယ်လို့ မဆိုလိုနိုင်ပြန်ပါဘူးdeta တွေ (bit တွေ) အများကြီး ကိုတပြိုင်တည်း download လုပ်နိုင်တယ်လို့ သာဆိုလိုရင်းဖြစ်ပါတယ်။ bit တစ်ခုစီရဲ့ အမြန်နှုန်းကလည်း အလင်းရဲ့  အမြန်နှုန်းထက်မပိုနိုင်တော့ပါဘူး...။။

Bit နဲ့  Byte

Bit ဆိုတာ ကွန်ပျူတာက သိနားလည်တဲ့ အသေးဆုံးအခြေခံယူစ်စနစ်ဖြစ်ပါတယ်..။။0 သို့  1 ကိုကိုယ်စားပြုပါတယ်..။။ အင်တာနက်ဆိုတာကတော့ အဲဒီ 0 နဲ့  1 တွေ အမျိုးမျိုးတွဲဆက်ပြီး A,B,C,D စတာတွေဖြစ်အောင် ဖော်ပြပေးတာသာဖြစ်ပါတယ်..။။ ဥပမာ 56 Kbps မူ modem ဆိုရင် 1 sec မှာ bit ပေါင်း ၅၆၀၀၀ ကိုလွဲပြောင်းလက်ခံနိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်.။ Byte ဆိုတာကတော့ Bit ရှစ်လုံးအတွဲအစပ်ကိုဆိုလိုတာပါ အက်ခရာ တစ်လုံး သို့  ဂဏန်းတစ်လုံးကို Byte တစ်ခု (သို့ ) Bit ရှစ်ခု နဲ့  ကိုယ်စားပြုဖော်ပြရတာဖြစ်ပါတယ်..။။


Ref:လူဝကြီး
READMORE
 

Wifi ဆိုတာဘာလဲ ???????

Wi-Fi ကို တစ်ချို့ က WiFi, wi-fi, Wifi, wifi ဆိုပြီး အမျိုးမျိုး ရေးမှတ်ကြပါတယ်.. 1997 ခုနှစ်မှာ IEEE (Institute of Electrical and Electronics Engineers) 802.11 standard နဲ့ထွက်ပေါ်လာတာပါ .. Wi-Fi ဆိုတာ "Wireless Fidelityy" ရဲ့ အတိုကောက်ပါ.. ကြိုးမဲ့ ဆက်သွယ်ရေးစနစ် WLANs (Wireless Local Area Networks) မှာ အသုံပြုရန် မှတ်ပုံတင်ထားပြီး Mobile phone တွေ PDA တွေ Laptop စသည့် ဆက်သွယ်ရေးဆိုင်ရာ Electronic ပစ္စည်းတော်တော်များမှာ အသုံးများကြတယ်
Camera တွေ Printer တွေမှာပါ Built-in Wi-Fi ကိုထည့်တွင်းအသုံးပြုလာကြပါတယ်...

Wi-Fi ရဲ့ ဆက်သွယ်နည်းစနစ်ဟာ Radio Signal ကိုအခြေခံတယ်။ ဒါကြောင့် ၄င်းကိုအသုံးပြုရန် Access Point (Hotspot) တွေကို ကြားခံအဖြစ် အသုံးထားရတယ်.. Access Point နဲ့ အသုံးပြုမည့် Wi-Fi ပစ္စည်းတစ်ခုက မီတာ ၁၀၀ ဒါမှမဟုတ် Wi-Fi 802.11n ကိုသုံးမယ်ဆိုရင် မီတာ 300 လောက်အထိ ကွာခြားပြီးအသုံးပြုနိုင်ပါတယ်...
အသုံးပြုပုံ အသုံးပြုနည်းကတော့ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး
အကယ်၍ မိမိက Laptop တစ်ခုနဲ့ Wi-Fi Hotspot Area မှာသုံးမယ်ဆိုရင် မိမိ laptop or PDA ရဲ့ Wi-Fi ကိုဖွင့်လိုက်တာနဲ့
မိမိဝန်းကျင်မှာရှိတဲ့ Wi-Fi Connection အားလုံးပေါ်နေမှာဖြစ်ပါတယ်.. ဒီတော့ မိမိသုံးမည့် Access Point ကို Connect လုပ်ပြီးတော့ အသုံးပြုလို့ရပါတယ်..


Wireless Access Point က password protected လုပ်ထားရင်တော့ Password ရိုက်ထည့်ပြီးမှ သုံးလို့ရလိမ့်မယ်...
တစ်ခါတစ်လေမှာ မိမိအိမ်မှာ Wireless Wi-Fi သုံးနေကြသူတွေက မိမိတို့ရဲ့ Wireless Router ပေါ်မှုတည်ပြီးတော့ IP Addresss ကို Static ပေးထားတတ်ပါတယ်... ဒီလိုအခါမျိုးမှာ တစ်ခြား Access Point ကိုသွားသုံးရင် Static ကို Dynamic ပြန်ပြောင်းပေးဖို့လိုပါတယ်...


နောက်တစ်ခုက တစ်ချို့ laptop တွေက WPA နဲ့ WPA2 ကို support မလုပ်ပါဘူး.. (Laptop အဟောင်းတွေပါ) ဒီတော့ Public Hotspot တော်တော်များများက Security ကို WEP, 64bit encryption တွေပေးကြတာများတယ်....
 
Ref:Planet

READMORE
 

Temple Run 2(For Android Released 24 Jan)

Temple Run အကြောင်းတော့...တော်တော်များများသိကြမှာပါ......
ဒီနေ့ပဲ နံပါတ် 2 ထွက်လာပါတယ်.........
IOS အတွက် အရင်ထွက်တာပါ....Android အတွက်ကတော့ ဒီနေ့မှထွက်တာပါ.......
IOS မှာတော့ Temple Run 2 က လုံးဝကိုဆွဲဆောင်မှုရှိပြီးကောင်းမွန်ပါတယ်.......
Android အတွက်ကကော...သူ့လောက်ကောင်းမွန်ပါ့မလား....??????
သိချင်ရင်တော့ ဒေါင်းပြီးဆော့ကြည့်လိုက်ပါ......ကျွန်တော်လည်း စမ်းမဆော့ကြည့်ရသေးပါဘူး.......
ဆော့ပြီးရင်တော့......ဘာတွေဘယ်လိုကောင်းကြောင်း...Comment Box မှာပြောခဲ့ပါခင်ဗျာ.....




Download From Mediafire>>>>>>>Download

Download From LastBox>>>>>>>>Download
READMORE
 

HTML သမိုင်းအစ




1989 ခုနှစ်က Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ အဲဒီ Berners-Lee ရဲ့ နည်းပညာကို Hyber Text Markup Language ( HTML ) လို့ ခေါ်ဆိုခဲ့တာပါပဲ ။



HTML ဆိုတာဘာလဲ .... ?

၁။ HTML သည် Hyper Text Markup Language ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ် ...။ Hyper Link ဆိုသည်မှာ ဖိုင်တစ်ခုမှ အခြားဖိုင် တစ်ခုသို့ ဆက်သွယ်ချိတ်ဆက်ခြင်းကို ခေါ်ပါတယ် ... ။ Text files များကို HTML Tags များဟုခေါ်သော Less Than Sign ( < ) နှင့် Greater Than Sign ( > ) ထည့်သွင်းတည်ဆောက်၍ HTML ရေးသားနည်းများဖြင့် ပြုလုပ်နိုင်ပါတယ် ....။ Web Browse ဟုခေါ်သော သတင်းအချက်လက်ဖိုင်များကို ကြည်ရှု့ဖွင့်ဖတ်၍ Process ပြုလုပ်နိုင်သော Software များသည် ယင်း Tags များကိုဖတ်၍ Screen ပေါ်တွင် မှန်ကန်စွာ ပြနိုင်ပေသည် ... ။

HTML ၏အလုပ်လုပ်ပုံ .....

၂။ Browser သည် URL ( Uniform Resources Locator ) ဟုခေါ်သော Information ၏တည်နေရာကို ဖော်ပြသော လိပ်စာ ( ဥပမာ ..Htun@mptmail.net.mm ) ကိုအသုံးပြု၍ သက်ဆိုင်ရာ အဝေးတစ်နေရာရှိ Server များသို့ Request လုပ်သည် ..။ သက်ဆိုင်ရာ Server Information များ Return ပြန်လာသောအခါ Browser သည် ၎င်း Information ရှိ Tags များ HTML များကို ဖြေရှင်းဆောင်ရွက်၍ Information များ Web Pages များအဖြစ်သို့ ပြသနိုင်ပါသည် ..။

Ref:Xai Yak


READMORE
 

Nuclear Coffee Recover Passwords 1.0.0.21 Full Version

ဒါကတော့ Recovery Software ကောင်းတစ်ခုပါ....
ကျွန်တော်.စမ်းသုံးကြည့်တာတော့ တော်တော်ကောင်းလို့...ပြန်လည်မျှဝေပေးလိုက်ပါတယ်.....

သူရဲ့ Home Page မှာတော့  Recover passwords from 108 installed software programs, including such popular programs as Mozilla Firefox, MSN Messenger, Microsoft Outlook, GoogleTalk and many more.



လို့..ကြော်ငြာထားပါတယ်.......
ဆောင်ထားသင့်တဲ့ Software တစ်ခုပါ...
ကြိုက်ရာလင့်ခ်ကနေ Download ဆွဲနိုင်ပါတယ်ခင်ဗျ :)








Download From Mediafire>>>>Download


Download From LastBox>>>>>Download


READMORE
 

Shutdown..Restart...Log Off...Hibernate တို့ကို မြန်မြန်ပြုလုပ်မယ်..


နာမည်မြင်လိုက်တော့..."ဘာကြီးလည်း မသိဘူး.." ပေါ့....
ဥပမာ.. Computer ကို Shutdown ချချင်ရင်...Start Menu>>Shutdown အဲ့လိုနှိပ်ရတယ်လေ....ဒါကသမာရိုးကျ..ပါ....နည်းနည်း အထွန့်တက်ချင်သူများ အတွက်..နည်းလမ်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်....

ပထမဆုံးသင့်computerရဲ့ desktop ပေါ်မှာရှိတဲ့ နေရာလွတ်တစ်ခုမှာ right click လုပ်ပါ
- ပြီးရင်တော့ New - Shortcut ဆိုတာကိုရွေးလိုက်ပါ
- Shortcut ဖန်တီးဖို့  box တစ်ခုကျလာပါလိမ့်မယ်
- Type the location of the item: ဆိုတဲ့စာကြောင်းအောက်က text box ထဲမှာအောက်မှာပေးထားတဲ့ code ကို copy ကူးထည့်လိုက်ပါ

- Shutdown အတွက်ဆိုရင် shutdown.exe -s -t 0
- Restart အတွက်ဆိုရင် shutdown.exe -r -t 0
- Log off အတွက် shutdown.exe -l -t 0
- Hibernation အတွက် rundll32.exe PowrProf.dll, SetSuspendState Hibernate

- t နောက်က 0 နေရာမှာ shutdown ကျစေချင်တဲ့ second ထည့်ရေးလို့ ရပါတယ်
- ပြီးရင်တော့ Next ကိုနှိပ်
- File name ပေး ပြီးတော့ finish ကိုနှိပ်လိုက်ပါ
Desktop ပေါ်မှာ..သင်ပေးတဲ့နာမည်နဲ့ Icon တစ်ခု ကျလာပါလိ့မ်မယ်....
Icon ပုံစံလေးက နည်းနည်းရိုးနေတယ်ဆိုရင်... Icon ပေါ်မှာ Right Click ထောက်..Properties>>အောက်နားက Change Icon

ကိုနှိပ်..ကြိုက်တဲ့ ဟာလေး ရွေးပေးလိုက်ပေါ့.....
အဲ့ဒါဆိုရင် Computer ကို..Shutdown , Restart, Log off, တွေကို Start Menu ကနေ နှိပ်စရာမလိုပဲနဲ့..Desktop ပေါ်ကနေ

ထိန်းချုပ်နိုင်ပြီပေါ့... :)


READMORE
 

WiseDiskCleanerPortable V 7.74

ကျွန်တော်တို့ Computer တွေမှာ.Copy Paste လုပ်တာပဲဖြစ်ဖြစ်...Unistall လုပ်တာပဲဖြစ်ဖြစ်....Hardisk ထဲမှာတော့အမှိုက်လေးနည်းနည်းပါးပါး ကျန်ခဲ့ပြီး..ဖိုင်တွေလည်း ပွစာကျဲသွားပါတယ်.....
အဲ့လိုဖြစ်ရင်တော့...မိမိComputer ကလုံးဝကိုလေးလံသွားပါလိ့မ်မယ်...
window system
အတွက်မလိုလားအပ်တဲ့ file တွေ၊ internet သုံးတဲ့စက်တွေမှ mozilla, IE တို့ရဲ့ file error
တွေနဲ့တစ်ခြား software applications တွေမှ file error တွေကိုဒီ Portable က အတတ်နိုင်ဆုံးဖြေရှင်းပေးပါလိ့မ်မယ်.......
Portable ဖြစ်တဲ့ အတွက်...အလွယ်တကူ Stick ထဲ ထည့်သွားနိုင်ပါတယ်.
အသုံးပြုချင်တယ်ဆိုရင်တော့ ဒေါင်းလိုက်ပါခင်ဗျာ.....
Size ကတော့ 2MB သာသာ ပဲရှိပါတယ်....




Download from Zippyshare>>>> Download

Download From LastBox>>>>>Download
READMORE
 

မိမိ Computer ရဲ့ RAM ပျက်နေကြောင်းဘယ်လိုသိနိုင်လဲ. ?????

ကွန်ပျူတာတစ်လုံးမှာ RAM ဟာမရှိမဖြစ်လိုအပ်ပါတယ်…RAM ဟာ CPU နှင့် Hard disk ကြားမှာ တံတား သဖွယ်ပေါင်းကူးဆောင်ရွက်ပေးပါတယ်..RAM ဟာ Volatile memory အမျိုးအစားဖြစ် တယ် ..ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data တွေကိုယာယီမျှသာထိမ်းသိမ်းထားတာဖြစ်ပြီး..power off သွား ရင်တော့ သူ့ မှာ ထိမ်းသိမ်းနိုင်စွမ်းမရှိပါဘူး..ဟုတ်ပြီ..ဒါဆို ဒီလိုအရေးပါတဲ့ RAM တစ်ခု ကွန်ပျူတာမှာ RAM မကောင်း တော့ဘူးဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ ဆိုတာလေ့လာကြည့်ရအောင်..

RAM ဘာကြောင့်ပျက်ရသလဲ..

အောက်ပါအကြောင့်အရင်းများကြောင့် RAM များပျက်စီးနိုင်သည်…

1.Electro static Discharge (ESD)
2.Default industry
3.Enviroment
4.Low quality

1.Electro Static Discharge (ESD)

လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီး မှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေ လိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ RAM အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် RAM ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေဆိုရင်သိပါလိမ့် မယ်.. မတွေ့ ဖူးမမြင်ဖူးရင်တောင်အထက်ကပုံမှာလေ့လာနိုင်တယ် RAM မှာ IC chip အသေးလေးတွေပါတယ်..RAM တစ်ခုနဲ့  တစ်ခု chip တွေရဲ့  အရွယ်အစား ကတူ ချင်မှ တူလိမ့် မယ် ..အဲဒီ chip အပြားလေးတွေကို လက်နဲ့ မထိမကိုင်မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ.. သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေ ဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က RAM ရဲ့ chip ပြားလေးတွေကို သွားထိမိရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် RAM ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..RAM ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..

2.Default industry

RAM stick လေးတွေကို ဈေးကွက်ထဲကို အရည်သွေးစစ်ပြီးရောင်းချလိုက်တယ်ဆိုပေမဲ့အကြောင်းအမျိုးမျိုး RAM ၀ယ်လာပြီးတော့ အဆင်မပြေမှုတွေ ၀ယ်ထား တာမကြာသေးပဲ စက်က hang ပြီး restart ကျသွားတာမျိုးတွေလည်းကြုံဖူးကြမှာ ပါ…စက်ရုံကထုတ်လိုက်ကတည်းက ထောင်သောင်းမက ထုတ်လိုက်တာဆို တော့ အနည်းနဲ့  အများချွတ်ယွင်း မှုလေးတွေတော့ရှိမှာပါ..ဒါကြောင့်တစ်ခါတရံ RAM ချောင်းအသစ်ကို ပဲသုံးလို့  မရဖြစ်တတ်ပါတယ်..RAM ချို့  ယွင်းမှုဖြစ်လို့  Default industry ကဖြစ်တယ်လို့  မှတ်ယူနိုင်ပါတယ်..အကယ်၍ မိမိက ကွန်ပျူတာအသစ်တစ်လုံးဆင် လို့ ပဲဖြစ်ဖြစ် RAM အသစ်တစ်ချောင်းဝယ်စိုက်လို့ ပဲဖြစ်ဖြစ် ဒီလိုဖြစ်လာခဲ့ရင် မိမိဝယ်ခဲ့တဲ့ ဆိုင်က အာမခံသက် တမ်း (warranty)ပေး တာဖြစ်တဲ့ အတွက်ဆိုင်မှာ လှဲလှယ်နိုင်ပါတယ်..

3.enviroment

Enviroment ကြောင့်ပျက်စီးတယ်ဆိုတာကတော့ RAM failure ဖြစ်ဖို့ အခြေအနေအားလုံးအကျုံးဝင်ပါတယ်..RAM ကို အပူနဲ့ နီးစပ်တဲ့ နေရာမှာထားရှိခြင်း ရေခိုးရေငွေ့ နဲ့ နီးစပ်တဲ့နေရာနဲ့ ထိတွေ့ မှုရှိခြင်း ..သဘာဝအလျောက် ထိမိခိုက်မိပျက်စီးခြင်းများ ဖြစ်နိုင်ပါတယ်..ဒါကြောင့် RAM ပျက်စီးမှုထဲမှာ environment လဲတစ်ခုအဖြစ်ပါဝင်တာဖြစ်ပါတယ်

4.low quality

RAM တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိကြတယ်..အမျိုးစားချင်းတူပေမဲ့ ဈေးနည်းတာနဲ့ ဈေးများတာ ကွာပါတယ် ဘာကြောင့်အဲလိုကွာတာလဲ.. Architecture တွေ…ထုတ်လုတ်တဲ့ ပစ္စည်း အသုံးပြုထားတဲ့  ပစ္စည်းတွေ ကွာလို့ ဈေးနှုန်း တွေကွာခြားသွားခြင်းဖြစ်တယ် ဒီနေရာမှာ ဘယ်ဟာပိုကောင်းတယ် ဘယ်ဟာပိုသာတယ်ဆိုတာမပြောတော့ ဘူးနော် သူ့ အမျိုးစားနဲ့ သူတော့ အဆင်ပြေကြမှာပါ.. မြန်မာပြည်မှာတော့ kinston တံဆိပ်ကိုအသုံးများတယ်.... ဈေးနှုန်းသင့်ပြီးသုံးစွဲရတာ standard မှီတဲ့ အတွက် အဆင်ပြေပါတယ်..

RAM ပျက်ရင် ဘာ error တွေပြမှာလဲ

RAM ပျက်ရင် monitor screen မှာ motherboard မှ error beep sound ထုတ်ပေးပါတယ်..နောက် BSOD လို့ ခေါ်တဲ့  blue screen အပြာတက် လာပြီး တော့ RAM failure ဖြစ်ကြောင်းပြတဲ့  error message ပြတယ်..technical information code နံပါတ်တွေနဲ့ လည်းဖော်ပြပါတယ်..RAM ချောင်းတွေဟာ လုံးဝမကောင်းတော့တာတွေရှိသလို သုံးပြီးတစ်နာရီ နှစ် နာရီလောက်နေပြီးမှ စက်က ထိုးရပ်သွားခြင်း (သို့ )စက်က restart ကျသွားခြင်း ဖြစ်တတ်ပါတယ်..virus ကြောင့်မဟုတ်ပဲ စက်ကို ခနလောက်ပဲသုံးရသေးတယ် စက်ကလေးလံပြီး စက်ဟန်းသွားတာမျိုးလည်းဖြစ်တတ်ပါတယ်..RAM ကြောင့်ဖြစ်တယ်လို့ သံသယရှိရင် အခြား ကောင်းတဲ့  RAM နဲ့ ပြောင်းလဲတပ်ဆင်စမ်းသပ်ကြည့်ပါ..အခြား RAM နဲ့ ပြောင်းလဲတပ်ဆင်ကြည့်လိုက်လို့ စက်က အကောင်းပကတိ အတိုင်းအလုပ်လုပ် နေတယ်ဆိုရင် မိမိ RAM မကောင်းတော့ပါ ပိုပြီးသေချာစေရန် စောနကမကောင်းတော့ဘူးလို့ သတ်မှတ်ထားတဲ့ မိမိ RAM ကိုပဲအခြားစက်တစ်လုံးမှာတပ်ဆင် ကြည့်ပါ..အခြားစက်တစ်လုံးမှာလဲ ပထမစက်မှာဖြစ်သကဲ့ သို့ ပုံစံတူ error ပြနေလျင် RAM ပျက်ပြီဟုတ်မှတ်ယူနိုင်သည်..

RAM ကိုဘယ်လိုစစ်မလဲ

အလွယ်ဆုံးကတော့ RAM ကိုဖြုတ်ပြီးတခြားဟာနဲ့ အစားထိုးစမ်းသပ်ခြင်းဖြစ်ပါတယ် သို့ သော်လည်းအပိုရှိဦးမှကိုး..Physically အရ RAM ကို slot မှာသေသေချာချာ ထိထိမိမိစိုက်ထားရဲ့ လားဆိုတာ ပြန်စစ်ပေးရပါတယ်..တစ်ခါတရံ slot အံမကျလို့ sound beep error ထုတ်ပေးတာမျိုးလဲ ဖြစ်နိုင်တယ်.. အံကျအောင်ပြန်စိုက်ပေးလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ် မိမိက သေချာစိုက်ထားသော်လည်း RAM အောက်ခြေမှာ ဖုံတွေ၊ ချည်းတွေ ကပ်နေတဲ့အတွက် အဆင်မပြေဖြစ်တတ်ပါတယ် အဲဒီအခါကျရင် RAM ချောင်းရဲ့ အောက်ခြေမှာရှိတဲ့ေ၇ွရောင်လိုင်းလေးတွေကို တစ်ရှူးအနုလေးဖြင့် သန့် ရှင်းပေးခြင်းအား ဖြင့်လည်းအဆင်ပြေသွားနိင်ပါတယ်...


Ref> ကိုစံငြိမ်း.


READMORE
 
Software များဒေါင်းမရခဲ့ရင်....Facebook Comment သို့မဟုတ်.....C-box မှတဆင့် အကြောင်းကြားနိုင်ပါသည်

Facebook ကနေလည်းတစ်ခုခုပြောနိုင်ပါတယ်