Blogger Widgets

How to send Self Destructing Password Protected Messages and Emails


ကျွန်တော်တို့ email တွေပို့တဲ့အခါ အရေးကြီး email တွေလုံခြုံဖို့ NoteDIP ကိုသုံးပြီးပို့လို့ရပါတယ်။ အဲ့ဒါဆိုရင် message တွေကဖတ်ပြီးတာနဲ့ ပျက်သွားမှာဖြစ်ပါတယ်ခင်ဗျာ……
NoteDip.com ကိုသွားပါ
အဲ့မှာ message ရိုက်ဖို့ box ရှိပါတယ်
အောက်မှာ checkbox နှစ်ခုရှိပါတယ်။
ပထမတစ်ခုကိုအမှန်ခြစ်လိုက်ရင်တော့ email ကိုဖတ်ပြီးသွားတဲ့အကြောင့် မိမိ email ကို notification ပြန်ပို့မှာဖြစ်ပါတယ်။
Password ထားချင်ရင် ဒုတိယဟာကို အမှန်ခြစ်ပါ။
ပြီးရင် Create Note ကိုနှိပ်ပါ။
URL အရှည်ကြီးကိုရပါလိမ့်မယ်။ email ထဲကို copy ကူးပြီးထည့်လိုက်ပါ။  


ဒီနေရာမှာ ပုံနဲ့ပါရှင်းပြထားပါတယ်    >> Here <<

ref-hacking tricks
READMORE
 

Firefox က Password တွေကို ကြည့်ရှုမယ့် FirePassword Viewer

ဒုတိယအကြိမ်ပြန်တင်တာပါ...
ကျွန်တော် ကိုယ်ပိုင်အင်တာနက် မရှိစဉ်..ဆိုင်မှာသွားသုံးပါတယ်.....
Stick တစ်ချောင်းလည်း အမြဲယူသွားပါတယ်........
Stick ထဲမှာ Software နှစ်ခု ထည့်ထားလေ့ရှိတယ်..KeyLogger နဲ့ အခုတင်ပေးတဲ့ FirePassword Viewer..ပါ....
FirePassword viewerက ဘာအသုံးဝင်လဲဆိုရင်FireFox မှာ ကျန်ခဲ့သမျှ User Name တွေ Password တွေကို တစ်လုံးမကျန် ပြန်ဖော်ပေးတယ်။။။...
ရှေ့က သုံးတဲ့ သူတွေက Clear History မလုပ်ခဲ့တာပဲဖြစ်ဖြစ်..
ပိုင်ရှင်တွေက....DeepFreeze မလုပ်ထားတာပဲဖြစ်ဖြစ်ဆိုရင်တော့..
အကောင့်တွေကိုလွယ်လွယ်ယူလို့ရပြီပေါ့....
အသုံးပြုလိုသူသူငယ်ချင်းများအတွက်အောက်ကပေးထားတဲ့ ကြိုက်ရာလင့်ခ်ကနေ Download ဆွဲပါခင်ဗျာ..
အသုံးပြုနည်းကလည်း ရိုးစင်းလွယ်ကူတဲ့ အတွက်...သူငယ်ချင်းတို့လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာပါ...
 
 
 
Download From Mediafire>>>> Download
 
Download From LastBox>>>>>Download
READMORE
 

Flash သီချင်းများ ဖန်တီးခြင်း(E-book)

တောင်းဆိုထားတဲ့ အကိုအတွက်...ကျွန်တော့်မှာလည်း အဆင်သင့်ရှိနေတာနဲ့တင်ပေးလိုက်ပါတယ်
အဆင်ပြေပါစေခင်ဗျာ..




Download From Minus>>>>>>Download
READMORE
 

အင်တာနက် ဗဟုသုတ




အီးမေလ်း စတင်ပေါ်ပေါက်လာပုံ

ARPANETတွင်အသုံးပြုနိုင်မည့်ပထမဆုံးအီးမေလ်းစနစ်ကိုစတင်ကြံဆသူမှာ BBN မှ Ray /Tomlinson ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည် ဟုသိရသည်...။။ username နှင့် address ကြားတွင်အသုံးပြုသည့် @ ကိုလည်းသူကပင်ရွေးချယ်သတ်မှတ်ပေးခဲ့ပါသည်....။။

အင်တာနက်ကိုစတင်အသုံးပြုခဲ့သူ ဘယ်သူလဲ

မှတ်တမ်းများအရ ကာလီဖိုးနီးယား university မှသူတေသနပညာရှင် Charley Kline သည်မျက်မှောက်ခေတ်အင်တာနက်၏ ကနဦးမိုဒယ်ဖြစ်သောARPANET ကို ၁၉၆၉ နှစ်အောက်တိုဘာလ ၂၉ရက်နေ့ တွင်ပထမဆုံးစတင်အသုံးပြုခဲ့သည်ဟုသိရသည်...။။
Kline သည် Standford Research Institute သို့ ဆက်သွယ်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး၊သူ၏ဆက်သွယ်မှုမှာ မအောင်မြင်ခဲ့ပေ..။။

ပရိုတိုကောများ

အဝေးတစ်နေရာမှ ကွန်ပျူတာတစ်လုံးသို့ လှမ်းပြီး log on ၀င်ရောက်နိုင်သည့်ပထမဆုံး ပရိုတိုကောမှာRequest for comment (RFC) ဖြစ်ပြီး ၁၉၇၂ခုနှစ်တွင်စတင်ပေါ်ထွက်ခဲ့သည်..။RFC သည်ကွန်ရက်အတွင်းတွင်ကွန်ပျူတာများအချင်းချင်းသူတေသနရလဒ်များကို ဖလှယ်ရန်အတွက်ဖြစ်သည်။ဖိုင်အမျိုးမျိုးဖလှယ်နိုင်သော ftp protocol မှာလည်း RFC တစ်ခုအဖြစ်၁၉၇၃ခုနှစ်တွင်ပေါ်ပေါက်ခဲ့သည်။
ဟားဘတ်ကျောင်းသားတစ်ဦး၏ဘွဲ့ ယူစာတမ်းမှတစ်ဆင့်ပေါ်ထွက်ခဲ့သောEthernet protocolကိုမူ local networkများတွင်တွင်ကျယ်စွာအသုံးပြုကြသည်။ထို့ နောက်.. TCP/Iခေါ်ပရိုတိုကောများပေါ်ပေါက်လာသောအခါအင်တာနက်မှာ လူအများကျယ်ပြန့်စွာအသုံးပြုနိုင်သောအဆင့်သို့ တိုးတက်လာသည်။TCP/IP ကို၁၉၈၃တွင် ကမ်ဘာသုံးအဖြစ်သတ်မှတ်ခဲ့ကြသည်...။။

(ISP) ဆိုတာ ဘာလဲ

Internet Service Provider ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်...။။ISP တွေဟာသင့်ရဲ့ ကွန်ပျူတာနဲ့  အင်တာနက်ရဲ့  ကြားမှာ Gateway အဖြစ်နဲ့  ဆောင်ရွက်ပေးပါတယ်..။။ISP တွေဟာ.. dail-up broadband စတဲ့ အကောင့်အမျိုးအစားအမျိုးမျိုးကို ရေါးချယ်ခွင့်ပေးပါတယ်..။။ဝန်ဆောင်စရိတ်ကို နှစ်စဉ်ကြေး(စိတ်ကြိုက်သုံး)ပုံစံနဲ့ ဖြစ်စေ၊နာရီနဲ့ ဖြစ်စေ..download ပမာဏပေါ်မူတည်ပြီးဖြစ်စေပေးချေရပါတယ်..။။

Bandwidth နဲ့  Broadband တို့ ရဲ့  Defination

Bandwidth ဆိုတာအင်တာနက် connection ရဲ့  အမြန်နှုန်းကိုတိုင်းတာတဲ့ ယူနစ်စနစ်တစ်ခုဖြစ်ပါတယ်..။။သမားရိုးကျ dail-up modem တွေဟာ.. ယနေ့ စံချိန်နဲ့ ကြည့်ရင် Bandwidth ထက်ကျဉ်းတဲ့အတွက်webpage တွေကို ဖွင့်ရာမှာ email ပို့ ရာမှာ download ဆွဲရာမှကြာမြင့်တတ်ပါတယ်..။။ ADSL, cable နဲ့  satellite တို့ ရဲ့  Bandwidth ကပိုမြင့်တဲ့အတွက် connectin ပိုမိုမြန်ဆန်ပါတယ်..။။
သူတို့ ကိုခြုံငုံပြိး broadband လို့ ခေါ်ခြင်းဖြစ်ပါတယ်။ယေဘုယျအားဖြင့် Bandwidth အင်တာနက်အသုံးပြုရတာ(အထူးသဖြင့် ဗီဒီယို downlaod တွေ video call တွေမှာ)ပိုမိုအဆင်ပြေချော့မွေ့ လာနိုင်ပါတယ်..။။dail-up modem တွေရဲ့  speed ဟာ 56 Kbps ကနေ 1.5 Mbps အထိရှိနိုင်ပါတယ်...။။တိတိကျကျပြောရရင်တော့ connection မြန်တိုင်းပိုပြီးမြန်မြန်ဆန်ဆန် download လုပ်နိုင်မယ်လို့ မဆိုလိုနိုင်ပြန်ပါဘူးdeta တွေ (bit တွေ) အများကြီး ကိုတပြိုင်တည်း download လုပ်နိုင်တယ်လို့ သာဆိုလိုရင်းဖြစ်ပါတယ်။ bit တစ်ခုစီရဲ့ အမြန်နှုန်းကလည်း အလင်းရဲ့  အမြန်နှုန်းထက်မပိုနိုင်တော့ပါဘူး...။။

Bit နဲ့  Byte

Bit ဆိုတာ ကွန်ပျူတာက သိနားလည်တဲ့ အသေးဆုံးအခြေခံယူစ်စနစ်ဖြစ်ပါတယ်..။။0 သို့  1 ကိုကိုယ်စားပြုပါတယ်..။။ အင်တာနက်ဆိုတာကတော့ အဲဒီ 0 နဲ့  1 တွေ အမျိုးမျိုးတွဲဆက်ပြီး A,B,C,D စတာတွေဖြစ်အောင် ဖော်ပြပေးတာသာဖြစ်ပါတယ်..။။ ဥပမာ 56 Kbps မူ modem ဆိုရင် 1 sec မှာ bit ပေါင်း ၅၆၀၀၀ ကိုလွဲပြောင်းလက်ခံနိုင်တယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်.။ Byte ဆိုတာကတော့ Bit ရှစ်လုံးအတွဲအစပ်ကိုဆိုလိုတာပါ အက်ခရာ တစ်လုံး သို့  ဂဏန်းတစ်လုံးကို Byte တစ်ခု (သို့ ) Bit ရှစ်ခု နဲ့  ကိုယ်စားပြုဖော်ပြရတာဖြစ်ပါတယ်..။။


Ref:လူဝကြီး
READMORE
 

Wifi ဆိုတာဘာလဲ ???????

Wi-Fi ကို တစ်ချို့ က WiFi, wi-fi, Wifi, wifi ဆိုပြီး အမျိုးမျိုး ရေးမှတ်ကြပါတယ်.. 1997 ခုနှစ်မှာ IEEE (Institute of Electrical and Electronics Engineers) 802.11 standard နဲ့ထွက်ပေါ်လာတာပါ .. Wi-Fi ဆိုတာ "Wireless Fidelityy" ရဲ့ အတိုကောက်ပါ.. ကြိုးမဲ့ ဆက်သွယ်ရေးစနစ် WLANs (Wireless Local Area Networks) မှာ အသုံပြုရန် မှတ်ပုံတင်ထားပြီး Mobile phone တွေ PDA တွေ Laptop စသည့် ဆက်သွယ်ရေးဆိုင်ရာ Electronic ပစ္စည်းတော်တော်များမှာ အသုံးများကြတယ်
Camera တွေ Printer တွေမှာပါ Built-in Wi-Fi ကိုထည့်တွင်းအသုံးပြုလာကြပါတယ်...

Wi-Fi ရဲ့ ဆက်သွယ်နည်းစနစ်ဟာ Radio Signal ကိုအခြေခံတယ်။ ဒါကြောင့် ၄င်းကိုအသုံးပြုရန် Access Point (Hotspot) တွေကို ကြားခံအဖြစ် အသုံးထားရတယ်.. Access Point နဲ့ အသုံးပြုမည့် Wi-Fi ပစ္စည်းတစ်ခုက မီတာ ၁၀၀ ဒါမှမဟုတ် Wi-Fi 802.11n ကိုသုံးမယ်ဆိုရင် မီတာ 300 လောက်အထိ ကွာခြားပြီးအသုံးပြုနိုင်ပါတယ်...
အသုံးပြုပုံ အသုံးပြုနည်းကတော့ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး
အကယ်၍ မိမိက Laptop တစ်ခုနဲ့ Wi-Fi Hotspot Area မှာသုံးမယ်ဆိုရင် မိမိ laptop or PDA ရဲ့ Wi-Fi ကိုဖွင့်လိုက်တာနဲ့
မိမိဝန်းကျင်မှာရှိတဲ့ Wi-Fi Connection အားလုံးပေါ်နေမှာဖြစ်ပါတယ်.. ဒီတော့ မိမိသုံးမည့် Access Point ကို Connect လုပ်ပြီးတော့ အသုံးပြုလို့ရပါတယ်..


Wireless Access Point က password protected လုပ်ထားရင်တော့ Password ရိုက်ထည့်ပြီးမှ သုံးလို့ရလိမ့်မယ်...
တစ်ခါတစ်လေမှာ မိမိအိမ်မှာ Wireless Wi-Fi သုံးနေကြသူတွေက မိမိတို့ရဲ့ Wireless Router ပေါ်မှုတည်ပြီးတော့ IP Addresss ကို Static ပေးထားတတ်ပါတယ်... ဒီလိုအခါမျိုးမှာ တစ်ခြား Access Point ကိုသွားသုံးရင် Static ကို Dynamic ပြန်ပြောင်းပေးဖို့လိုပါတယ်...


နောက်တစ်ခုက တစ်ချို့ laptop တွေက WPA နဲ့ WPA2 ကို support မလုပ်ပါဘူး.. (Laptop အဟောင်းတွေပါ) ဒီတော့ Public Hotspot တော်တော်များများက Security ကို WEP, 64bit encryption တွေပေးကြတာများတယ်....
 
Ref:Planet

READMORE
 

Temple Run 2(For Android Released 24 Jan)

Temple Run အကြောင်းတော့...တော်တော်များများသိကြမှာပါ......
ဒီနေ့ပဲ နံပါတ် 2 ထွက်လာပါတယ်.........
IOS အတွက် အရင်ထွက်တာပါ....Android အတွက်ကတော့ ဒီနေ့မှထွက်တာပါ.......
IOS မှာတော့ Temple Run 2 က လုံးဝကိုဆွဲဆောင်မှုရှိပြီးကောင်းမွန်ပါတယ်.......
Android အတွက်ကကော...သူ့လောက်ကောင်းမွန်ပါ့မလား....??????
သိချင်ရင်တော့ ဒေါင်းပြီးဆော့ကြည့်လိုက်ပါ......ကျွန်တော်လည်း စမ်းမဆော့ကြည့်ရသေးပါဘူး.......
ဆော့ပြီးရင်တော့......ဘာတွေဘယ်လိုကောင်းကြောင်း...Comment Box မှာပြောခဲ့ပါခင်ဗျာ.....




Download From Mediafire>>>>>>>Download

Download From LastBox>>>>>>>>Download
READMORE
 

HTML သမိုင်းအစ




1989 ခုနှစ်က Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန်မယ့် နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ အဲဒီ Berners-Lee ရဲ့ နည်းပညာကို Hyber Text Markup Language ( HTML ) လို့ ခေါ်ဆိုခဲ့တာပါပဲ ။



HTML ဆိုတာဘာလဲ .... ?

၁။ HTML သည် Hyper Text Markup Language ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ် ...။ Hyper Link ဆိုသည်မှာ ဖိုင်တစ်ခုမှ အခြားဖိုင် တစ်ခုသို့ ဆက်သွယ်ချိတ်ဆက်ခြင်းကို ခေါ်ပါတယ် ... ။ Text files များကို HTML Tags များဟုခေါ်သော Less Than Sign ( < ) နှင့် Greater Than Sign ( > ) ထည့်သွင်းတည်ဆောက်၍ HTML ရေးသားနည်းများဖြင့် ပြုလုပ်နိုင်ပါတယ် ....။ Web Browse ဟုခေါ်သော သတင်းအချက်လက်ဖိုင်များကို ကြည်ရှု့ဖွင့်ဖတ်၍ Process ပြုလုပ်နိုင်သော Software များသည် ယင်း Tags များကိုဖတ်၍ Screen ပေါ်တွင် မှန်ကန်စွာ ပြနိုင်ပေသည် ... ။

HTML ၏အလုပ်လုပ်ပုံ .....

၂။ Browser သည် URL ( Uniform Resources Locator ) ဟုခေါ်သော Information ၏တည်နေရာကို ဖော်ပြသော လိပ်စာ ( ဥပမာ ..Htun@mptmail.net.mm ) ကိုအသုံးပြု၍ သက်ဆိုင်ရာ အဝေးတစ်နေရာရှိ Server များသို့ Request လုပ်သည် ..။ သက်ဆိုင်ရာ Server Information များ Return ပြန်လာသောအခါ Browser သည် ၎င်း Information ရှိ Tags များ HTML များကို ဖြေရှင်းဆောင်ရွက်၍ Information များ Web Pages များအဖြစ်သို့ ပြသနိုင်ပါသည် ..။

Ref:Xai Yak


READMORE
 

Nuclear Coffee Recover Passwords 1.0.0.21 Full Version

ဒါကတော့ Recovery Software ကောင်းတစ်ခုပါ....
ကျွန်တော်.စမ်းသုံးကြည့်တာတော့ တော်တော်ကောင်းလို့...ပြန်လည်မျှဝေပေးလိုက်ပါတယ်.....

သူရဲ့ Home Page မှာတော့  Recover passwords from 108 installed software programs, including such popular programs as Mozilla Firefox, MSN Messenger, Microsoft Outlook, GoogleTalk and many more.



လို့..ကြော်ငြာထားပါတယ်.......
ဆောင်ထားသင့်တဲ့ Software တစ်ခုပါ...
ကြိုက်ရာလင့်ခ်ကနေ Download ဆွဲနိုင်ပါတယ်ခင်ဗျ :)








Download From Mediafire>>>>Download


Download From LastBox>>>>>Download


READMORE
 
Software များဒေါင်းမရခဲ့ရင်....Facebook Comment သို့မဟုတ်.....C-box မှတဆင့် အကြောင်းကြားနိုင်ပါသည်

Facebook ကနေလည်းတစ်ခုခုပြောနိုင်ပါတယ်